International News

ကုန်စည်ဈေးနှုန်းများမြင့်တက်လာမှုက ဆင်းရဲနွမ်းပါးမှုသို့ တွန်းအားပေးနေ

Last Updated:

ယူကရိန်းတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် စွမ်းအင်နှင့် အစားအသောက်ဈေးနှုန်းများ မြင့်တက်လာခြင်း၏ ဂယက်ရိုက်ခတ်မှုကို နိုင်ငံအားလုံးက ခံစားနေကြရသော်လည်း အထူးသဖြင့် ဝင်ငွေနည်းပါးသောနိုင်ငံများအတွက် လူနေမှုစရိတ်များ မြင့်တက်လာခြင်းသည်လူနေမှုဘဝရှင်သန်ရပ်တည်မှုအတွက် အရေးကြီးကိစ္စများဖြစ်လာစေပါသည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ ညွှန်းဆိုချက်အရ စားဝတ်နေရေးအတွက် မရှိမဖြစ်သော ကုန်စည်ဈေးနှုန်းများမြင့်တက်ရခြင်း၏ အကျိုးသက်ရောက်မှုများကို တားဆီးရန် မူဝါဒများမလုပ်ဆောင်ပါက ကမ္ဘာ့လူဦးရေတွင် ဆင်းရဲမှုကိုခံစားနေရသည့် လူဦးရေမှာ တစ်ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ဖွယ်ရှိပါသည်။ နောက်ထပ်လူဦးရေ သန်း ၅၀ သည် ကမ္ဘာ့ဘဏ်မှ သတ်မှတ်ထားသည့် ပကတိဆင်းရဲနွမ်းပါးမှု သတ်မှတ်ချက်ဖြစ်သည့် တစ်နေ့လျှင် ဒေါ်လာ ၁.၉၀ အောက် ဝင်ငွေကျဆင်းသွားနိုင်ကြောင်း မှန်းဆရပါသည်။

ဝင်ငွေနည်းပါးသောနိုင်ငံမျာနှင့် အလယ်အလတ်ဝင်ငွေနည်းသော နိုင်ငံများအတွက် ဆင်းရဲနွမ်းပါးမှုကို တစ်နေ့ဝင်ငွေ ၃.၂၀ ဒေါ်လာနှင့် ၅.၅၀ ဒေါ်လာထား၍ ထည့်သွင်းတွက်ချက်မည်ဆိုပါက ကမ္ဘာတဝှမ်းရှိ လူဦးရေ ၇၁ သန်းကျော်သည် မမျှော်မှန်းနိုင်သော အခက်အခဲများ ရင်ဆိုင်နေကြရ မည်ဖြစ်ပါသည်။ အာဖရိကဆာဟာရဒေသတွင် လွန်စွာဆင်းရဲနွမ်းပါးသူများ ပိုများလာနိုင်ပြီးအီရတ်၊အင်ဒိုနီးရှား၊ပါကစ္စတန်၊ ကိုလံဘီယာ သို့မဟုတ် တူကီယဲကဲ့သို့ အခြားဒေသများတွင်လည်း ဆင်းရဲနွမ်းပါးမှုများကျရောက်နိုင်ပါသည်။

အနောက်နိုင်ငံများ၏ ရုရှားအပေါ် ပိတ်ဆို့အရေးယူများတွင် လယ်ယာထွက်ကုန်များကုန်သွယ်မှုကို ပိတ်ဆို့အရေးယူထားခြင်းမရှိသော်လည်း အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူများကြောင့် အာဖရိကတွင် ကောက်ပဲသီးနှံနှင့် ဓာတ်မြေသြဇာဈေးနှုန်းများ မြင့်တက်မှုကြောင့် အကျပ်အတည်းများ ဖြစ်ပေါ်လျှက်ရှိကြောင်း ရုရှားသံရုံးမှ တာဝန်ရှိသူများက အပြစ်တင်လျှက်ရှိပါသည်။

အနောက်နိုင်ငံများ၏ပြောကြားချက်အရ၊ ရုရှားမှ ယူကရိန်းဆိပ်ကမ်းများကို ပိတ်ဆို့ခြင်းသည် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအတွက်စစ်ကြေငြာခြင်းတစ်ခုလိုသတ်မှတ်ထားရမလိုဖြစ်နေကြောင်း Bloomberg ကို ကိုးကားပြီး ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် အကြီးအကဲက ပြောပါသည်။

ဤသို့သောစားနပ်ရိက္ခာဖူလုံမှု မရှိဖြစ်နေသည့်အခြေအနေများကို တိုက်ဖျက်ရန်အတွက် ဆင်းရဲနွမ်းပါးသူများကို စောင်အဝတ်အထည် အသုံးအဆောင်များ ထောက်ပံ့မည့်အစား စားသောက်ကုန်နှင့်စွမ်းအင်ကဏ္ဍအတွက် ငွေကြေးကူညီထောက်ပံ့ရန် UNDPကအကြံပြုထားသည်။

UNDP စံပြပုံစံအရ အထူးထောက်ပံ့ကူညီမှုများသည် နောက်ထပ်ဆင်းရဲသူဦးရေ တိုးလာမှုကို မဖြစ်ပေါ်စေနိုင်ပဲ ဆင်းရဲသူအသစ်အရေအတွက်ကို ငါးပုံတစ်ပုံသာ လျှော့ချနိုင်မည်ဖြစ်ပြီး ယေဘုယျအားဖြင့် ဆင်းရဲမွဲတေမှုသတ်မှတ်ချက်အောက်၌ နေထိုင်သူအရေအတွက်ကိုလည်းလျှော့ချပေးမည်ဖြစ်ပါသည်။ ခြုံ၍ဆိုပါက လူဦးရေး သန်း ၆၅၀ သည် ဆင်းရဲမွဲတေလျက်ရှိကြောင်း ကမ္ဘာ့ဘဏ်မှဆိုပါသည်။

 

STP

Source: https://www.statista.com/

 


 

 
Category: International News